အုတ်မြစ်ချသောနှစ် –
တည်ဆောက်ပြီးစီးသောနှစ် – ၁၉၅၄
တောင်ငူဆောင်ကို ၁၉၅၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဆယ်ပေ x ဆယ့်တစ်ပေ နှစ်ယောက်ခန်းများဖြင့် အခန်းဖွဲ့ တည်ဆောက်ထားသော ယောက်ျားလေးကျောင်းဆောင် ဖြစ်သည်။ ယခင်က လူနေအဆောင်များအဖြစ် ရည်ရွယ်ခဲ့သော်လည်း ၁၉၆၄ စနစ်သစ်တက္ကသိုလ်အဖြစ် ပြောင်းလဲဖွဲ့စည်းသောအခါတွင် လူနေဆောင်များ အဖြစ်မှ ကျောင်းဆောင်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။ ယခင်က တောင်ငူဆောင်၏ ပထမထပ်တွင် အင်္ဂလိပ်စာဌာန နှင့် အလယ်ထပ်နှင့် အပေါ်ဆုံးထပ်တွင် မြန်မာစာဌာနဟူ၍ နှစ်ခု ရှိခဲ့သော်လည်း ယခုအခါ မြန်မာစာဌာနတစ်ခုထဲသာ ရှိတော့သည်။